Ambassador of Myanmar hosted Asian Ambassadors’ Group –AAG Meeting in Cairo

AAG photo 1

 

AAG photo 2

 

23rd November 2017- Cairo

          H.E. Myint Lwin, Ambassador of Myanmar to Egypt hosted Asian Ambassador’s Group –AAG Meeting and Luncheon on 23rd November 2017 at Sofitel Hotel Sofitel Cairo Nile El Gezirah.  The meeting was attended by Head of Missions; Ambassadors and CDA a.i of 26 Asian Embassies residence in Cairo. IMF Senior Resident Representative to Egypt, Dr. Reza Baqir was also presented as the Guest Speaker to the meeting.

 

 

မြန်မာသံအမတ်ကြီးမှ ကိုင်ရိုမြို့အခြေစိုက် အာရှသံအမတ်ကြီးများအဖွဲ့အစည်းအဝေးအား အလှည့်ကျအိမ်ရှင်အဖြစ် ဆောင်ရွက်ခဲ့ခြင်း

၂၃-၁၁-၂၀၁၇ ၊ မသရ၊ ကိုင်ရို

          အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်သည် ကိုင်ရိုမြို့အခြေစိုက် အာရှ သံအမတ်ကြီးများအဖွဲ့ လစဉ်အစည်းအဝေးနှင့် အလုပ်သဘော နေ့လည်စာစားပွဲအား     (၂၃-၁၁-၂၀၁၇)ရက်နေ့တွင် ကိုင်ရိုမြို့၊ Sofitel Hotel Sofitel Cairo Nile El Gezirah ၌ အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကိုင်ရိုမြို့ အခြေစိုက် အာရှနိုင်ငံများမှ သံရုံး (၂၆) ရုံး၏ သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ ကြပါသည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ အီဂျစ်နိုင်ငံဆိုင်ရာ အကြီးတန်း ဌာနေကိုယ်စားလှယ် Dr. Reza Baqir မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အီဂျစ်နိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်များ ခေါင်းစဉ်ဖြင့် ရှင်းလင်း ဟောပြော ၍ တက်ရောက်လာခဲ့သည့် သံအမတ်ကြီးများနှင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

Currency Exchange Rate